Search
Close this search box.
Search
Close this search box.

AMI Life အသက်အာမခံ၏ သတင်းများ

နှလုံးခုန်နှုန်းတွေမြန်စေတဲ့ အကြောင်းအရင်း

ကိုယ့်နှလုံးခုန်သံ ကိုယ်ပြန်ကြားနေရတယ်။ ရင်ထဲမှာ တလှပ်လှပ်နဲ့ နေလို့မကောင်းဘူး။ နှလုံးခုန်နှုန်း (pulse rate) တိုင်းကြည့်တော့ ၁၀၀ကျော်နေတယ်။ နှလုံးရောဂါများ ဖြစ်နေမလားဟု တွေးမိဖူးပါသလား?

Tachycardia ခေါ် နှလုံးခုန်မြန်ခြင်း ဆိုတာဘာလဲ?

ပုံမှန် အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ နှလုံးခုန်နှုန်းဟာ တစ်မိနစ်အတွင်း ၆၀-၁၀၀ ကြားဖြစ်ပါတယ်။
တစ်မိနစ်အတွင်း ၁၀၀ကျော်နေရင်တော့ ရင်တုန်တာ၊ အသက်ရှုမဝ ဖြစ်တာ၊ ခေါင်းမူးတာအစရှိတဲ့ နေလို့မကောင်းတဲ့ လက္ခဏာများ စတင်ခံစားလာရတတ်ပါတယ်။

ဘာတွေကနှလုံးခုန်မြန်ခြင်းကို ဖြစ်စေတတ်သလဲ?

  • ဖျားနာခြင်း
  • အရက် နှင့် ဆေးလိပ်သောက်သုံးခြင်း
  • ကဖိန်းဓာတ် မြင့်တက်နေခြင်း
  • အိပ်ရေးမဝခြင်း
  • စိတ်လှုပ်ရှား၍ စိတ်ဖိစီးမှုများခြင်း တို့ဟာ နှလုံးခုန်မြန်ခြင်းကိုဖြစ်စေပါတယ်။ ဒီလို Tachycardia ဖြစ်စေသည့် အကြောင်းအရာတွေက အချိန်တိုအတွင်း ပြန်လည်ပျောက်ကင်းသက်သာသွားနိုင်ကြပါတယ်။

အချို့သော အရေးကြီးပြီး ကုသမှုခံယူသင့်တဲ့ အကြောင်းအရာများကတော့

  • သွေးတွင်း electrolyte ခေါ် ဆားနှင့် အခြားပါဝင်ပစ္စည်းများ ဖြစ်ကြသည့် ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မက်ဂနီစီယမ် ပမာဏမမျှတခြင်း
  • သွေးပေါင်အရမ်းတက်ခြင်း
  • သွေးအားနဲခြင်း
  • Hyperthyroid ခေါ် သိုင်းရွိုက်ဟော်မုန်း မြင့်တက်ခြင်း
  • သောက်ဆေးအချို့ကြောင့်ဖြစ်ခြင်း
  • မူးယစ်ဆေးသုံးစွဲခြင်း နှင့်
  • နှလုံးရောဂါရှိခြင်းများသည် ကျန်းမာရေးအတွက် အရေးကြီးလှပါတယ်။

နှလုံးခုန်နှုန်း မြန်နေခြင်းကို ဘယ်တော့ ကုသမှုခံယူသင့်သလဲ?

နှလုံးခုန်နှုန်း မြန်တာအပြင် အသက်ရှုမဝတာ၊ ရင်ဘတ်အောင့်တာ၊ မောနေတာ၊ အနေအထိုင်အစားအသောက်ဆင်ခြင်သော်လည်း မသက်သာတာ ၊ မူးမေ့လဲတာတို့ ဖြစ်နေပြီဆိုရင်တော့အမြန်ဆုံး ဆေးကုသမှုခံယူသင့်ပါတယ်။

Share Now: