ကျောက်ကပ်ဆိုတာ ခန္ဓာကိုယ်ရဲ့အရေးကြီးလုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးနေတဲ့ မရှိမဖြစ်ကိုယ်အင်္ဂါဖြစ်ပါတယ်။ သွေးကိုစစ်ထုတ်ခြင်း၊ သတ္တုဓာတ်မျှတအောင်ထိန်းသိမ်းခြင်း၊ အညစ်အကြေးစွန့်ခြင်း၊ ဟော်မုန်းထုတ်ပေးခြင်း၊ အရည်ပမာဏထိန်းညှိပေးခြင်းစတာတွေကို လုပ်ဆောင်ပေးပါတယ်။
ဒါကြောင့် ကျောက်ကပ်မကောင်းတော့တဲ့အခါ အညစ်အကြေးနဲ့ အရည်တွေက ကိုယ်မှာစုလာပါတယ်။ ဒီအခါမှာ တချို့သောအစားအစာတွေကိုရှောင်ကြဉ်ခြင်းက သွေးထဲမှာအညစ်အကြေးစုပုံခြင်းကို သက်သာစေပြီး ကျောက်ကပ်ကိုထပ်မပျက်စီးအောင် ကာကွယ်ပေးနိုင်ပါတယ်။
? ကျောက်ကပ်ဝေဒနာခံစားနေရသူတွေအနေနဲ့ အောက်ပါဓာတ်တွေနဲ့ အစားအစာကို ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။
? ဆိုဒီယမ်
ကျောက်ကပ်ကျန်းမာဖို့အတွက် အဓိကအကျဆုံးတစ်ခုက ဆိုဒီယမ်(ဆား)စားသုံးမှုကို လျှော့ချခြင်းပဲဖြစ်ပါတယ်။ ဆိုဒီယမ်က ရေကိုဆွဲတဲ့အာနိသင်ရှိလို့ ကျောက်ကပ်မကောင်းတဲ့သူတွေမှာ ဖောရောင်ခြင်း၊ သွေးပေါင်ချိန်တက်ခြင်း၊ ကျောက်ကပ်ဝန်ပိခြင်းတွေကို ဖြစ်စေပါတယ်။
ဆိုဒီယမ်များတဲ့ …
?ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်
?အသင့်စားခေါက်ဆွဲခြောက်
?စည်သွပ်ဗူး
?ချဉ်ဖတ်
?ငန်တဲ့သရေစာမုန့်
?ပြန်လည်မွမ်းမံထားတဲ့အသား စတာတွေကို ရှောင်ကြဉ်ပါ။
? ဖော့စဖရပ်
အရိုးသန်မာဖို့၊ ခန္ဓာကိုယ်ကျန်းမာဖို့ ဖော့စဖရပ်ကိုလိုအပ်တယ်ဆိုပေမဲ့လည်း ကျောက်ကပ်က ပိုလျှံနေတဲ့ဖော့စဖရပ်တွေကို မစွန့်ထုတ်နိုင်တဲ့အခါ အရိုးအားနည်းခြင်း၊ မျက်လုံး၊ နှလုံးနဲ့ သွေးကြောထိခိုက်ပျက်စီးခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
ဖော့စဖရပ်များတဲ့ …
?ဂျုံကြမ်းပေါင်မုန့်
?အရောင်ရင့်တဲ့ဆိုဒါ (ဥပမာ-ကိုလာ)
?နို့နဲ့နို့ထွက်ပစ္စည်း
?ပဲ၊ အသား
?သစ်အစေ့အဆံ စတာတွေကိုရှောင်ကြဉ်ပါ။
? ပိုတက်စီယမ်
ပိုတက်စီယမ်ဆိုတာ ကြွက်သားနဲ့အာရုံကြောအတွက် မရှိမဖြစ်အရေးကြီးပေမဲ့ သွေးထဲမှာ အရမ်းများလာတဲ့အခါ ဆိုးရွားတဲ့နှလုံးပြဿနာတွေဖြစ်စေပါတယ်။
ပိုတက်စီယမ်များတဲ့ …
?ထောပတ်သီး
?ဂျုံကြမ်းပေါင်မုန့်
?ခရမ်းချဉ်သီး
?အာလူး
?ပန်းသီး စတာတွေကိုရှောင်ကြဉ်ပါ။
? ပရိုတင်း
ကျောက်ကပ်ရောဂါရှိသူတွေအနေနဲ့ ပရိုတင်း(အသားဓာတ်)ကိုလည်း သင့်တင့်တဲ့ပမာဏစားသုံးဖို့ လိုအပ်ပါတယ်။ ပရိုတင်းပမာဏများရင် ကျောက်ကပ်ကပိုအလုပ်လုပ်ရလို့ ဝေဒနာကိုပိုဆိုးစေပါတယ်။ အာဟာရအထူးပြုဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး သင့်တော်မှန်ကန်တဲ့ပမာဏကိုစားသုံးနိုင်ပါတယ်။
✅ ကျောက်ကပ်ဝေဒနာရှင်တွေအနေနဲ့ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ဥအကာ၊ ကြက်သွန်ဖြူ၊ သံလွင်ဆီ၊ အရေခွံမပါတဲ့ကြက်သား၊ ငရုတ်ပွ၊ ကြက်သွန်နီ၊ မုန်လာဥဖြူ၊ နာနတ်သီးစတဲ့ ကျောက်ကပ်အတွက်အဆင်ပြေတဲ့အစားအစာတွေကို စားသုံးသင့သင့်ပါတယ်။(အသေးစိတ် သိရှိလိုရင်တော့ အာဟာရအထူးပြုဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။)
ကျောက်ကပ်ရောဂါကိုကုသရာမှာ အစားအသောက်ကိုထိန်းညှိခြင်းကလည်း အလွန်အရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ရောဂါပြင်းထန်မှုအပေါ်မူတည်ပြီး ရှောင်ရှားရမယ့်ပုံစံတွေကလည်းကွဲပြားလို့ ကျောက်ကပ်ရောဂါဖြစ်ပြီဆိုရင် ဆရာဝန်တွေနဲ့တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးဖြစ်ကြောင်း မျှဝေလိုက်ရပါတယ်။









