Search
Close this search box.
Search
Close this search box.

AMI Life အသက်အာမခံ၏ သတင်းများ

ကလေးတစ်ယောက် အဖျားတက်နေပြီဆို ဘာလုပ်သင့်လဲ။

ကလေးငယ်လေးတွေ ဖျားပြီးတက်ရင်….

 ကလေးတစ်ယောက် ဖျားတယ်၊ အဖျားကြီးတယ်၊ ပြီးတော့ တက်သွားတယ်။ ခဏ ခဏ ကြားရတဲ့စကားပါ။ ကလေးငယ်တယောက် ဖျားပြီး တက်တာ အလွန်အဖြစ်များပါတယ်။ သူတို့ကို Simple Febrile Convulsion လို့ခေါ်ပါတယ်

  ကလေးတစ်ယောက်ဟာ အပူကြီးပြီးတက်ပါတယ်လို့ သတ်မှတ်ဖို့အတွက် တခြား ဦးနှောက်ထဲပိုးဝင်လို့တက်တာမျိူ၊ ဦးနှောက်ရောင်တာ၊ ငှက်ဖျားပိုး၊ တီဘီပိုးတွေ ကြောင့်တက်တာ၊ အဆိပ်သင့်လို့၊ ဦးနှောက်မှာ ပြည်တည်နာရှိလို့၊ အလုံးအကြိတ်ရှိလို့ စတဲ့ ရောဂါတွေ မဟုတ်တာသေချာမှ Febrile Convulsion လို့သတ်မှတ်ပါတယ်

 Febrile Convulsion ရဲ့ လက္ခဏာတွေကတော့

 အပူကြီးပြီးတက်သွားတာက ကလေးငယ်တွေ 6 လ ကနေ 5နှစ်အတွင်း အဖြစ်များပါတယ်။ 1-2 နှစ်များ ပိုဖြစ်ပါတယ်။

 ဖျားပြီး 24 နာရီအတွင်းမှာဖြစ်တယ်.. အပူကြီးဆုံးအချိန်လဲ ဖြစ်တယ်

 တက်တာက ခြေလက်အကုန် တက်တယ်။ အပူချိန်အရ 39°C နဲ့အထက်မှာ ဖြစ်တယ်။ တက်တဲ့ ကြာချိန်က 15 မိနစ်ထက်မပိုဘူး။ တက်ပြီးသွားတဲ့ချိန်မှာ သတိလစ်တာ၊ နုန်းခွေသွားတာ၊ စကားခေါ်ပြောမရတော့ မရှိပါဘူး။

 မိသားစုဝင်ထဲမှာ ဒီလိုပဲ ဖျားပြီးတက်ဖူးတဲ့ ရာဇဝင်ရှိတတ်တယ်။ ကလေးတယောက် အဖျားတက်ပြီဆို ဘာလုပ်မလဲ?

  • ကလေးကို ဘေးစောင်းထားပေးပါ ။
  • အဝတ်အထည်တွေ ကျပ်နေတာရှိရင် ဖယ်ပေးပါ
  • အတင်းချုပ်နှောင် ကိုင်တွယ်တာ၊ ခြေမချိုးတာ နှာနှပ်တာတွေ မလုပ်ပါနဲ့။
  • ကလေးပါးစပ်ထဲမှာ သကြားလုံး၊ ပီကေ၊ စ တာတွေရှိရင် ဖယ်ပေးပါ။
  • ကလေးလျှာကိုက်မိမှာစိုးလို့ လျှာကို သွားကိုင်တာ မလုပ်ပါနဲ့။
  • တက်တာကြာတဲ့ အချိန်မှတ်ထားပေးပါ။ကလေးတက်တဲ့ ပုံစံကို Video ရိုက်ထားပေးပါ။ (တက်တဲ့ ပုံစံကို ဆရာဝန်ကို ပြလို့ရအောင်ပါ )

ကလေးတက်တာကျသွားပြီ၊ အဖျားကြီးနေတုန်းပဲဆိုရင် တကိုယ်လုံး ရေပတ်တိုက်ချပေးပါ။ နဖူးပေါ်လေး ရေပတ်ဝတ်တင်တာမဟုတ်ပါဘူး။ တကိုယ်လုံးကို တိုက်ပေးရမှာပါ။ အထူးသဖြင့် လည်ပင်းကြား၊ ဂျိုင်းကြား၊ ပေါင်ကြားတွေကို တိုက်ပေးရမှာပါ။ ကလေးကို Paracetamol အရည်တိုက်ပေးလို့ရပါတယ်။

အဲ့တာကြောင့် ကိုယ့်ရဲ့ကလေးက ဖျားပြီးတက်တိုင်း အရမ်းမစိုးရိမ်ပါနဲ့။ တက်တဲ့ပုံစံနဲ့ ကြာချိန်ကို မှတ်ထားပြီး ဆရာဝန်ကိုသေချာပြောပြပေးပါ။

Share Now: